ခိုနူ ချင်းရိုးရာအစားသောက်ထုတ်ထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်းသည်ခေတ်သစ် ချင်းရိုးရာအစားအသောက်ထုတ်လုပ်သည့် ခေတ်ကိုပုံသွင်းပေးသည့် ရှေ့ဆောင်လုပ်ငန်း တစ်ခုဖြစ်သည်။
ရည်ရွယ်ချက်များမှာ
-ချင်းပြည်နယ်မှထူးခြားသော ရိုးရာအစားအသောက်များကို သန့်ရှင်းလတ်ဆတ်စွာထုတ်လုပ်ရန်
-ပရိုတင်းဓာတ်ပြည့်ဝသောကျန်းမာရေးအထောက်ကူပြုအစားသောက်များကိုလူအများစားသုံးနိုင်စေရန်
-ရှားပါးသောချင်းရိုးရာခေါင်ရည်စစ်စစ်၊ခေါင်ရည်ကောင်းကောင်းရဲ့အရသာကိုလူအများအလွယ်တကူသောက်သုံးနိုင်စေရန်
-နိုင်ငံခြားဖြစ်တန်ဖိုးကြီးယမကာများလက်လှမ်းမမှီသူများအတွက်ချိုသာစွာဝယ်ယူနိုင်ရန်
(After Covid 19 လုပ်ငန်းများပြန်စပါမည်)
-အနာဂါတ်မှာချင်းရိုးရာခေါင်ရည်ကို နေ့တိုင်းသောက်နေကြတဲ့ လက်ဘက်ရည်လိုမျိုးအစားသောက်ဖြစ်စေချင်တယ်။ (Rev. Dennis Ngun Thawng Mang)
-ချင်းရိုးရာခေါင်ရည် ဟာကျန်းမားရေးအတွက်အရမ်းကောင်းတယ်လို့မိတ်ဆွေဆရာ၀န်ကြီး Dr Ni Khuai ကပြောဖူးတယ်။ဘုရားက ခေါင်ရည်မသောက်ပါနဲ့လို့မပြောပါဘူး။မမူးပါနဲ့လို့ဘဲပြောတာပါ။( Rev.Dr Aung Mang)
ခေါင်ရည်သည် ချင်းယဉ်ကျေးမှုတခုဖြစ်ပြီးထိန်းသိမ်းသင့်သည့်အရာလည်းဖြစ်တယ်။Our original wine ပါ။ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး အတွက်လည်းအကျုံးဝင်တယ်။ပြဿနာက လွန်ကျူးစွာသောက်သုံးခြင်းပါ။ကောင်းမွန်စွာသောက်နိုင်သော ယဉ်ကျေးမှုချင်းတွေမှာမရှိသေးဘူး။Jews တွေရဲ့ စပျစ်ရည်လည်း မူးနိုင်တယ်။ ခေါင်ရည်ကိုတားကြပေမဲ့လည်း ခေါင်ရည်ထက် အန္တရယ်များတဲ့ Chemical အရက်တွေကိုသောက်ကြပြန်တယ်။ချင်းပြည်နယ်မှာမသောက်ရ လို့ပြောသော်လည်း မတားဆီးနိုင်ဘူး။ချင်းယဉ်ကျေးမှုနှင့်ခေါင်ရည်ပေါ်မှာ အပြစ်မရှိပါဘူး။ သောက်သောသူများ၌သာအပြစ်ဖြစ်တာပါ။ ခရစ်ယာန်အသင်းတော်များ အနေနှင့် ခေါင်ရည်သောက်ဖို့ခွင့်ပြုရန် အချိန်စောနေသေးသည်ဟုမြင်ပါတယ်။(Rev.Dr Mana Kui)


အကောင်းဆုံးကိုမျှော်လင့်ပါအရည်အသွေး
ကျွန်ုပ်တို့၏ အစားအသောက်များသည် အကောင်းဆုံးသောအရာများကိုသာ အသုံးပြုထားပါတယ်။ သန့်ရှင်းလတ်ဆတ်ရန် အဆင့်တိုင်းတွင် အထူးဂရုစိုက်လျက် ဆောင်ရွက်ပါတယ် ချင်းခေါင်ရည်သည်…ချိုမြိန်ပြီး အရသာထူးကဲမှုရှိတယ်။ အမောလည်းပြေစေတယ်။ အားအင်လည်းပြည့်စေတယ်။
အရက်သေစာထက်စာရင်…ချင်းခေါင်ရည်က..ယဉ်ကျေးတယ်။ ပရိုတင်းဓာတ်ကြွယ်ဝလှပါတယ်။
ခိုနူသည် ကောင်းသော အစားသောက်များနှင့် အလွန်တန်ဖိုး ကြီးမားလှပေသည်။ U Thang Ling
ကျွန်တော်တို့၏ထုတ်ကုန်များ
ကျွန်တော်တို့ချင်းရိုးရာအစားသောက်ထုတ်လုပ်ဖြန့်ချိရေး
လုပ်ငန်းမှရရှိနိုင်တဲ့အစားအသောက်တွေကတော့
၁။စပ်တွီး(သို့)ဆာဗူးသီး
၂။ဆန်ပြုတ်
၃။အဖျော်ရည်(မှိုဝိုင်)
၄။ပြောင်းဖူးခေါင်ရည်၊
၅။ဆပ်နီခေါင်ရည်
၆။ဆပ်ဝါခေါင်ရည်
၇။နှံစားပြောင်းခေါင်ရည်
၈။ကောက်ညှင်းခေါင်ရည်
၉၊ဆန်ခေါင်ရည်
၁၀။မုန့်ပဲသရေစာ


မြည်းစမ်းကြည့်ပါ
ချင်းခေါင်ရည်ကယဉ်ပြီးချိုမြိန်တယ်။ အရသာရှိတယ်။ကြက်သားကို ဖတ်ဖာရွက်(Phakphai) ရွက်၊ ဂျင်း၊ ကြက်သွန်တို့ဖြင့် သုတ်ကာခေါင်ရည်ဖြင့် မြည်းပါက အလွန်ပင် လိုက်ဖက်ပါတယ်။ ကျွန်ုပ်တို့၏ အစားအသောက်များကို မြည်းစမ်းကြည့်ဘို့ ဖိတ်ခေါ်ပါရစေ။

ကျွန်တော်တို့၏ အကွာအဝေးကျွန်ုပ်တို့၏ ထုတ်ကုန်များကိုရှာဖွေပါ
