ကျွန်ုပ်တို့ သည်ချင်းရိုးရာအစားသောက်ထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်း(တနိုင်လေး)လုပ်ကိုင်ဘို့ပြင်ဆင်နေသူများဖြစ်ပါသည်။သို့သော်ငွေကြေးအရင်းနှီးအခက်ခဲတွေကြောင့်လုပ်ငန်းကို တဖြေးဖြေးလေးသာဆောင်ရွက်နေရာမှ COVID 19 ကြောင့်လုံး၀ရပ်တန့်နေတဲ့အခြေနေဖြစ်နေပါတယ်။သို့သော်မကြာမှီလုပ်ငန်းလေးကို ပြန်လည်စတင်မှာဖြစ်ပါတယ်။လုပ်ငန်းများပြန်လည်လည်ပတ်လာပါက အားပေးကြပါရန်ရိုသေလေးစားစွာ ပန်ကြားပါတယ်။
၂၅-၇-၂၀၂၀ (After Covid 19 လုပ်ငန်းများပြန်စပါမည်)
၂၀၁၈ မွေးဖွားခဲ့သည်အစ
ကျွန်ုပ်တို့၏ ချင်းရိုးရာ အစားသောက်ထုတ်လုပ်ဖြန့်ချိရေး လုပ်ငန်း website ကိုလာရောက်လည်ပတ်တဲ့အတွက်ကျေးဇူးတင်ပါတယ်

protecting theEnviroment
ချင်းလူမျိူးများ၏အစားအသောက်များထဲတွင်ချင်းခေါင်ရည်သည်လည်းတခုအပါအဝင်ဖြစ်သည်။ချင်းအိမ်တိုင်းတွင်ခေါင်အိုးရှိသမျှပြည့်အောင်ဖြည့်ချက်ရပြီးသာရေး၊နာရေး၊လူမှုရေး၊ပွဲလမ်းသဘင်တိုင်းခေါင်ရည်မပါ၍မရ။ချင်းခေါင်ရည်သောက်ရင်းပြုသည့်ဂတိသာလျှင်တရားဝင်သည်ဟုထင်မြင်ယူဆလေ့ရှိကြသည်။
we followOur values

ခေါင်ရည်ရဲ့ အကျိုး ရိုးရာ
ခေါင်ရည်သည် မူရင်းဗီဇအရတော့ ပြသနာဘာမှမရှိ သက်မဲ့ဖြစ်ပေမဲ့သုံးစွဲသူတွေရဲ့ စရိုက်ကြောင့် ပြသနာအနည်းနဲ့အများ ဖြစ်စေတတ်ပါသည်။ ခေါင်ရည်ကိုတော့ တားမြစ်ပြီး အရက်ဘီယာကျတော့ သောက်နေကြတယ်။ ချက်အရက်သေစာများ သောက်သုံးပြီပျက်စီးနေကြတာထက်စာရင် ခေါင်ရည်ကို နဂိုမိရိုးဖလာ
ရိုးရာ ယဉ်ကျေးမှုအတိုင်း ထိန်းသိမ်း သုံးဆောင်သင့်ပါသည်။

သောက်သူရဲ့စိတ်နှင့် အများကြီးဆိုင်တယ် ခေါင်ရည်
ခေါင်ရည်ဟာ သောက်သူရဲ့စိတ်နှင့် အများကြီးဆိုင်တယ်။ ခေါင်ရည်ကတော့ အပြစ်မရှိပါဘူး။ သောက်သုံးသူရဲ့ စည်းကမ်းမဲ့မှု ကြောင့်ခေါင်ရည်ကို အပြစ်မြင်နေကြတာပါ။
Sayama Ngai Meng

ကျွန်ုပ်တို့သည်ရာသက်ပန်သင်ယူသူများဖြစ်ကြသည် အသိပညာ
Chin Christian Institute of Theology မှ ဓမ္မကျောင်းသူကျောင်း
သားတွေက ဆွေးနွေးပွဲတစ်ခုမှာ ဂျာမန်ဓမ္မပညာရှင်ကို ချင်းတွေ
ဘာလုပ်ရင် တိုးတက်မလဲလို့မေးတော့ ဆရာကြီးက ခေါင်ရည်ကို
စည်းကမ်းနှင့်အညီ သောက်တတ်ရင် တိုးတက်လာမယ်လို့ ဖြေဆိုခဲ့ပါတယ်။