Our story

Khonu – ခိုနူ

ကျွန်တော်အမြဲတမ်းစဉ်းစားတယ် ။သူများနိုင်ငံမှာပဲတချိန်လုံးအလုပ်လုပ်မယ်၊ သူများနိုင်ငံမှာပဲတချိန်လုံး ကျွန်ခံမယ်။မိသားစုဆင်းဆင်းရဲရဲမလောက်မငှဒီလိုပဲသွားရင်တော့မဖြစ်ဘူးဆိုတာကတော့အရမ်းကိုသေချာတယ်။ဒါကြောင့်မို့လို့ကိုယ်ပိုင်လုပ်ငန်းတခုခုလေးတော့လုပ်ကိုလုပ်ရမယ်ဆိုတာအမြဲတမ်းစဉ်းစားတယ်။

ဒါပေမဲ့ဘယ်လိုမျိုးလုပ်ငန်းလုပ်မလဲဆိုတာလဲအဖြေမရနိုင်ဘူး။ဘာဖြစ်လို့လဲဆိုတော့ကိုယ်ပိုင်လုပ်ငန်းလုပ်မယ်ဆိုရင် မလွယ်ဘူး၊အရင်းအနှီးလိုတယ်၊နည်းပညာလိုတယ်၊ဈေးကွက်လိုတယ်။ရန်ကုန်မှာရှိတဲ့အသက် ၈၀ ကျော်နေပြီဖြစ်တဲ့အဖေကိုတိုင်ပင်တော့လည်း ကိုယ်ပိုင်လုပ်ငန်းလေးတခုခုလုပ်ချင်တယ်။ဘာမှမလုပ်ပဲနဲ့ ဒီအတိုင်းကြီးလက်ကြီးပိုက်ပြီးအိမ်ထဲမှာထိုင်မနေချင်ဘူး။လှဲမနေချင်ဘူး။တခုခုလုပ်နေရမှ ကျေနပ်တယ်လို့ပြောတယ်။